Home / Hardware Tutorial / Huawei G730U00 Touch Section

Huawei G730U00 Touch Section

Huawei G730U00 Touch Section အကြောင်းလေးပါခင်ဗျ …
ကျန်တဲ့ဖုန်းများမှာလဲ Touch အလုပ်လုပ်ပုံတွေက အတူတူပါပဲ …
Touch မှန် (Touch Pad) ပေါ်တွင် အာရုံခံလမ်းကြောင်းများ(sensors) ပါဝင်သည်။
၎င်းတို့ကို Touch IC မှတဆင့် လျှပ်စီးကြောင်း ပေးသွင်းထားသည်။
Tocuch Pad ကို လက်ဖြင့် ထိလိုက်သောအခါ လက်မှ လျှပ်စစ်ငြိမ် (Electro Static) သည်
အာရုံခံလျှပ်စီးကြောင်းများမှတဆင့် Touch IC သို့ ပြန်လည်ရောက်ရှိလာသည်။
Touch IC သို့ ပြန်လည်ရောက်ရှိလာသော လျှပ်စီးကြောင်းများသည်
လျှပ်စစ်အချက်ပြ (Analog Signal) များသာဖြစ်သည်။ ၄င်းတို့ကို CPU သို့ ဆက်လက်ပို့ဆောင်ရာတွင်
CPU လက်ခံနားလည်နိုင်သည့် Digital Signal (Binary Code) များအဖြစ်သို့ ပြောင်းပေးရန်လိုသည်။
Touch IC ၏ ပင်မလုပ်ငန်းစဉ်သည် Touch Pad မှ ပို့ပေးသော Analog Signal မ်ားကို
Digital Signal အဖြစ်သို့ ပြောင်းပေးသော ADC (Analog to Digital Converter) သာဖြစ်သည်။
ADC လုပ်ငန်းစဉ်အတွက် Touch IC အလုပ်လုပ်နိုင်ရန် (Analog Volt-VDD) 2.8V လိုအပ်သည်။
Digital Signal သို့ ပြောင်းပြီးပါက CPU သို့ ဆက်လက်ပို့ဆောင်ပေးရန်
Digital Volt ဖြစ်သည့် VIO (Input Output Volt) 1.8V လိုအပ်သည်။
၎င်းဗို့နှစ်မျိုးစလုံး Touch IC သို့ ရောက်ရှိနေမှသာ IC ပုံမှန် အလုပ်လုပ်နိုင်မည်။
Touch IC မွ Digital Signal မ်ားကို Data အဖြစ် CPU သို့ ပို့ပေးရသည်။
Data ပို့ရန် လက်ခံနိုင်ရန်အတွက် CPU နှင့် Touch IC အကြားတွင်
I2C (Inter Integrated Circuit) ဆက်သွယ်လမ်းကြောင်း ရှိရသည်။
CPU မှ ခုန်လှိုင်း (Clock) တခု ပို့ပေးလိုက်လျှင် Touch IC မွ Data စတင်ပို့ပေးသည်။
Data အသစ်မပို့ခင် Touch IC ပုံမှန် Data ပို့နိုင်ရန်အတွက် CPU မွ Touch IC သို့
Reset ချပေးရသည်။ Reset မချနိုင်လျှင် Touch IC မွ Data မပို့နိုင်တော့ချေ။
ပါဝါစတင်နိုးချိန်တွင်
PMU မွ Touch IC သို့ 1.8V နှင့် 2.8V နှစ်မျိုး စတင်ထုတ်ပေးသည်။
Touch IC ပုံမှန်အလုပ်လုပ်လျှင် E INT(External Interrupt) လမ်းကြောင်းမှ Touch IC ၏
လုပ်ရှားအသက်ဝင်မှုကို စောင့်ကြည့်ပြီး CPU သို့ သတင်းပို့ပေးသည်။
ထို့ကြောင့် E INT လမ်းကြောင်းကို Touch Detect ဟုလည်း မှတ်သားနိုင်သည်။
ပုံတွင် ကြည့်ပါက
PMU U201 မွ Touch Socket သို့
VDD CTP အဖြစ် Analog 2.8V ကို ပင်နံပါတ် (7) နှင့်
VIO CTP အဖြစ် Digital 1.8V ကို ပင်နံပါတ် (5) သို့ ပေးသွင်းထားသည်။
CPU U401 မွ Touch Socket သို့
SDA0 (Serial Data 0) အဖြစ် ပင်နံပါတ် (1)
SCL0 (Serial Clock 0) အဖြစ် ပင်နံပါတ် (2)
EINT5 (External Interrupt 5) အဖြစ် ပင်နံပါတ် (6) နှင့်
RST (Reset) အဖြစ် ပင်နံပါတ် (8) တို့ကို ပေးသွင်းထားသည်။
ဖုန်းကို ပါဝါစနှိုးချိန်တွင်
PMU မွ Touch IC သို့ 1.8V နှင့် 2.8V နှစ်မျိုးကို စတင်ထုတ်ပေးသည်။
IC စတင်အလုပ်လုပ်လျှင် EINT 5 မှ အာရုံခံပြီး CPU သို့ သတင်းပို့ပေးသည်။
CPU မွ Touch Detect သိသွားလျှင် PMU သို့ 1.8V နှင့် 2.8V နှစ်မျိုးစလုံး ဆက်လက်ထုတ်ပေးခိုင်းမည်။
Touch Detect မသိတော့လျှင် ၄င်းဗို့နှစ်မျိုးစလုံး ဆက်လက်ထုတ်မပေးရန် PMU သို့ အမိန့်ပေးမည်။
ထို့ကြောင့် Touch Socket တတ်မထားပါက Detect မသိသောကြောင့်
၎င်းဗို့နှစ်မျိုးကို PMU မှ ထုတ်ပေးမည်မဟုတ်တော့ပါ။
Huawei G730 Series များတွင် Touch Socket အထိုင်များ နုသည့်အတွက် error မကြာခဏ ကြုံရသည်။
Touch Socket အထိုင်တွင် 10 ပင် ပါသည့်အနက် Ground 4 ပင်ကို ဖယ်လိုက်လျှင် 6 ပင် ကျန်သည်။
1.8V နှင့် 2.8V ဖြစ်သည့် Supply Volt နှစ်လိုင်းတွင် ဗို့လိုင်းတလိုင်း လွတ်နေပါက Touch IC အလုပ်မလုပ်နိုင်။
ကျန်သည့် Data Clock Reset များ လွတ်နေပါက Data ပို့နိုင်မည်မဟုတ်။
EINT 5 လွတ်နေပါက Detect မသိသဖြင့် PMU မွ 1.8V နှင့် 2.8V ထုတ်ပေးမည်မဟုတ်ပါ။
ထို့ကြောင့် G730 Series
Touch မရသည့်ဖုန်းများတွင် 1.8V နှင့် 2.8V မရောက်ခြင်းသည်
Touch Detect မသိသောကြောင့်သာ PMU မှ ဗို့ထုတ်မပေးခြင်းဖြစ်သောကြောင့်
တခြားနေရာများမှ ကြိုးကျော်သော်လည်း အလုပ်လုပ်နိုင်မည်မဟုတ်ချေ။
ရေဝင်ခြင်း ဆားပေါက်ခြင်း နှင့် အထိုင်ငုတ်များ လွတ်နေ နိမ့်နေခြင်းများ ဖြစ်နိုင်သည့်အတွက်
မှန်ဘီလူးဖြင့် အသေးစိတ်ကြည့်ပြီး စစ်ဆေးရန် လိုအပ်သည်။
ဆော့ကက်အထိုင်ဖြုတ်ပြီး ခဲရှင်း ပြန်တတ်ခြင်း အထိုင်အသစ်လဲခြင်းဖြင့် စမ်းသပ်ကြည့်ရမည်။
Diagram , Block Map နဲ့ PDF ဖိုင်သုံးခု ပေါင်းပေးထားပါတယ် … PCloud မှာ ဒေါင်းလို့ရပါပြီခင်ဗျာ …

7302

 

About Soe Myat Thu

Check Also

G630-U00 and H30-C00 Touch Error Solution

ဒီ model တွေမှာတော့ Touch error ဖြစ်ခဲပါတယ်။ရေဝင်လို့သာ R2502 R2503 လေးတွေ ဆားပေါက်ပီး touch မရတော့တာ များပါတယ်။ ဘာကြောင့် ဖြစ်ခဲသလဲဆိုတော့ …

Leave a Reply