Home / Hardware Tutorial / မိုဘိုင်းဟာ့ထ်ဝဲဆားဗစ်အား လေ့လာခြင်း

မိုဘိုင်းဟာ့ထ်ဝဲဆားဗစ်အား လေ့လာခြင်း

Mobile Phone Hardware Service ကို လေ့လာရာတွင် အကြမ်းအားဖြင့် (၄) ပိုင်း ပိုင်းခြားလေ့လာနိုင်ပါသည်။

  1. Schematic Diagram, Layout Map & Block Map

ဆားကစ်တည်ဆောက်ထားပုံကို ဖေါ်ပြထားသော schematic များကို လေ့လာခြင်း၊ အီလက်ထရောနစ်ပံ့ပိုးပစ္စည်းလေးများကို ဆားကစ်ဘုတ်ပြားပေါ်တွင် နေရာချထားခြင်းကို လေ့လာခြင်း နှင့် ဆားကစ်ပြား၏ ဓါတ်ပုံကို လေ့လာခြင်းဖြစ်သည်။ မူရင်းတည်ဆောက်ပုံ ဆားကစ်ပတ်လမ်းအပြည့်အစုံကို လေ့လာခြင်းထက် အပိုင်းခွဲခြားလေ့လာနိုင်လျှင်  ပိုမိုရှင်းလင်းလွယ်ကူသည်။ ဥပမာ အသံပိုင်း၊ အရုပ်ပိုင်း၊ ရေဒီယိုပိုင်း စသည်တို့ကို အပိုင်းခွဲခြားလိုက်လျှင် ပိုမိုရှင်းသည်။

  1. Theory , Structure & How to work

ဖုန်းအတွင်းတွင် အပိုင်းတခုခြင်း အလုပ်လုပ်ပုံ၊ အပိုင်းအခြင်းခြင်း ချိတ်ဆက်အလုပ်လုပ်ပုံ၊ ပတ်လမ်းစီးဆင်းလည်ပတ်ပုံ၊ ဗို့အားလမ်းကြောင်းများ ခွဲဝေလုပ်ဆောင်ပေးပုံ၊ အချက်ပြလမ်းကြောင်းများ၏ အလုပ်လုပ်ပေးပုံ အစရှိသည်တို့ကို အသေးစိတ်လေ့လာခြင်းဖြစ်သည်။

  1. Check error & Analysis volts and control signals

ပြစ်ချက်ရှာဖွေစစ်ဆေးခြင်း၊ ပေးသွင်းဗို့နှင့် အချက်ပြလှိုင်းများ စစ်ဆေးခြင်း၊ အီလက်ထရောနစ်ပံ့ပိုးပစ္စည်းလေးများ ကောင်းမကောင်း တိုင်းတာစစ်ဆေးခြင်း၊ အမြင်အားဖြင့် ရေဝင်ဆားပေါက်ဖြင်း လောက်ကျွမ်းထားသည်များကို စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။

  1. Ball & Reball ICs and Components

ပျက်စီးနေသော IC ၊ speaker ၊ mic အစရှိသည်တို့ကို ဖြုတ်တတ်လဲဖြင်းဖြစ်သည်။ ၄င်းအပိုင်းတို့ကို သင့်တင့်မျှတစွာ လေ့လာတတ်မြောက်လျှင် မိုဘိုင်းဟာ့ထ်ဝဲဆားဗစ်လုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်နိုင်ပါလိမ့်မည်။

 

 

 

  1. Schematic Diagram , Layout Map & Block Map

Schematic Diagram

Huawei G610U00 ဖုန်း၏ Schematic  ဖြင့် နမူနာပြထားသည်။ ဖုန်းအတွင်းရှိ ဗို့အားခွဲဝေပေးသော ဗို့အားပေးပိုင်း (Power Management Unit IC PMU) ၏ Schematic Diagram ဖြစ်သည်။

ပုံတွင် PMU သို့ ပေးသွင်းဗို့များ၊ PMU မှထုတ်ပေးသော အထွက်ဗို့လိုင်းများ၊ PMU ကို ထိန်းချုပ်မောင်းနှင်ပေးသည့် Oscillation (လှိုင်း) များ၊ အခြားပံ့ပိုးပစ္စည်းများဖြင့် တွဲစပ်အလုပ်လုပ်ပုံများကို အသေးစိတ် အပြည့်အစုံ ထည့်သွင်းဖေါ်ပြထားသည်။

 

ထည့်သွင်းအသုံးပြုထားသော components လေးများကိုလဲ serial , code တို့ဖြင့် ခွဲခြားထားသည်။ Component များ၏ သင်္ကေတ (symbol) ဖြစ်သည့် Diode ဆိုလျှင် (D001)၊ Resistor ဆိုလျှင် (R001)၊ Condenser ဆိုလျှင် (C001) ကဲ့သို့ serial ဖြင့် ခွဲခြားဖေါ်ပြပေးသည်။ အသုံးပြုထားသော နေရာအလိုက် ကုဒ် (code) ဖြင့်လဲ ခွဲခြားဖေါ်ပြပေးသည်။ ပုံတွင် နမူနာကြည့်ပါက ဗို့အားပေးသောအပိုင်းဖြစ်သောကြောင့် ၄င်းအပိုင်းတွင်ရှိသော parts (components) များ၏ ရှေ့ဆုံးကုဒ်နံပါတ်ကို (2) ဖြင့် ဖေါ်ပြသည်။ IC ကို U201၊ Condenser များကို C201၊ Resistor များကို R201 ကဲ့သို့ code ခွဲခြားပေးထားသည်။

ဆားကစ်ဒိုင်ယာဂရမ်ကို လေ့လာလိုပါက အသုံးပြုထားသော အီလက်ထရောနစ်ပံ့ပိုးပစ္စည်း (Electronic Components) များ၏ သင်္ကေတပုံ (symbol) နှင့် အလုပ်လုပ်ပုံကို ဦးစွာ လေ့လာထားရန်လိုပါသည်။

Layout Map

အီလက်ထရောနစ်ပံ့ပိုးပစ္စည်း (Electronic Components) များ၏ နေရာချထားခြင်းကို ဖေါ်ပြသည်။ Schematic Diagram တွင်ပြထားသော components လေးများ၏ နေရာအတိအကျကို ရှာဖွေနိုင်သည်။ Schematic Diagram တွင်ပါရှိသော စီရီယယ်နံပါတ် (serial no) အတိုင်း ပြပေးသည်။ Schematic Diagram နှင့် Layout Map နှစ်ခုတွဲလေ့လာလျှင် ပိုမိုပြည့်စုံပြီး နားလည်လွယ်သည်။

Block Map

ပြင်ပဆားကစ်ပြား၏ မူရင်းပုံအတိုင်း ဓါတ်ပုံဖြင့် ဖေါ်ပြပေးသည်။ Layout map နှင့် တထပ်ထဲတူသည်။ Layout Map နှင့် Block Map နှစ်ခုကို တွဲကြည့်လျှင် နားလည်လွယ်သည်။

Schematic Diagram, Layout Map & Block Map တို့ကို နားလည်နိုင်ရန်အတွက် အခြေခံအီလက်ထရောနစ်ပံပိုးပစ္စည်းလေးများ (Basic Electronic Components) ၏ တည်ဆောက်ထားပုံ အလုပ်လုပ်ပေးပုံ ကောင်းမကောင်း တိုင်းတာစစ်ဆေးပုံတို့ကို နားလည်ထားရန်လိုအပ်သည်။

မိုဘိုင်းဖုန်းတွင် အဓိကအသုံးပြုထားသော အီလက်ထရောနစ်ပံ့ပိုးပစ္စည်းများမှာ ဆားကစ်ဘုတ်ပြားပေါ်တွင် တွဲကပ်တပ်ဆင်ထားသော SMD (Surface Mount Device) များဖြစ်ကြသဖြင့် အရွယ်အစား အလွန်သေးငယ်သည်။ အဓိကအားဖြင့် အခြေခံပစ္စည်း (၇) မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

၎င်းတို့အကြောင်းကို အသေးစိတ်နားလည်ထားလျှင် ပြစ်ချက်ရှာဖွေသောအပိုင်းတွင် ပိုမိုထိရောက်မြန်ဆန်သည်။

၎င်းတို့မှာ …

  1. Resistor
  2. Condenser (Capacitor)
  3. Diode
  4. Coil (Inductor)
  5. Crystal (Xtal)
  6. Transistor
  7. IC

တို့ ဖြစ်ကြသည်။

၎င်းတို့ တခုခြင်းအကြောင်းကို အသေးစိတ် ဆက်လက်လေ့လာကြပါမည်။ …

About Soe Myat Thu

Check Also

G630-U00 and H30-C00 Touch Error Solution

ဒီ model တွေမှာတော့ Touch error ဖြစ်ခဲပါတယ်။ရေဝင်လို့သာ R2502 R2503 လေးတွေ ဆားပေါက်ပီး touch မရတော့တာ များပါတယ်။ ဘာကြောင့် ဖြစ်ခဲသလဲဆိုတော့ …

Leave a Reply