Home / Uncategorised / Training Courses

Training Courses

MPPG တွင် တက်ရောက်နိုင်သည့် Course များ

MPPG – Mobile Phone Professional Group ကို မန္တလေးမြို့ ။ ၈၆ လမ်း နှင့် ၃၄ လမ်းထောင့် တွင် ဖွင့်လှစ်ထားရှိပါသည်။ 7.1.2014 တွင် စတွင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် သင်တန်းသက်တမ်း ၂ နှစ်ကျော် ကြာမြင့်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ အနှံ့အပြားမှ မိုဘိုင်းဖုန်း စိတ်ပါဝင်စားသူများ ကို  မိုဘိုင်းဖုန်းသင်တန်းဆရာများ ၊ ဖုန်းပြုပြင်နည်းပညာရှင်များနဲ့ ကိုယ်ပိုင်ဖုန်းဆားဗစ်ဆိုင်ပို င်ရှင်များ အဖြစ် ကျွန်တော်တို့သင်တန်းမှ မွေးထုတ်ပေးလျှက်ရှိပါသည်။

သင်တန်း၏ အဓိက ဆောင်ပုဒ်မှာ

စိတ်ပါဝင်စားမှုနှင့် တတ်မြောက်လိုစိတ်သာ စာသင်ခန်းအတွင်းသို့ ယူဆောင်လာခဲ့ပါ။ သင်ကြားတတ်မြောက်မှုနှင့် အသက်မွေးမှုအလုပ်အကိုင်တစ်ခုဖြစ်စေဖို့ ကျွန်တော်တို့မှ တာဝန်ယူပါတယ်။

 

ဆောင်ပုဒ်ပါအတိုင်း ကျွန်တော်တို့သင်တန်းအနေဖြင့် တတ်မြောက်မှုပိုင်းဆိုင်ရာ စစ်ဆေးမှုများ ကို စဉ်ဆက်မပြတ် ပြုလုပ်လျှက်ရှိပါသည်။ သင်တန်းပြီးဆုံးအောင်မြင်သူများကို သင်တန်းဆင်းလက်မှတ်များအပြင် ထူးချွန်ထက်မြက်သူများကို ထောက်ခံစာများ (Recommendation Letter) ရေးသားပေးလျှက်ရှိပါသည်။ ကျွန်တော်တို့ ထောက်ခံမှု ရရှိသော သင်တန်းသားအတွက် မြန်မာနိုင်ငံတွင် မည်သည့်နေရာတွင်မဆို အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရမည်ဟု အာမခံပါသည်။
 

သင်တန်းမှ သင်ကြားပေးလျှက်ရှိသော Course များ –

သင်ကြားမည့်ဘာသာရပ်များကို သိရှိလိုပါက Course နာမည်ကို နှိပ်ပြီး အသေးစိတ် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
 

သင်တန်းကာလ

၁ လခွဲ ကြာမြင့်မှာဖြစ်ပါသည်။

ဘာသာရပ်တစ်ခုတည်းတက်ရောက်ပါက တစ်နေ့လျှင် – SW – ၂ နာရီ / HW – ၄ နာရီ တက်ရောက်ရမှာဖြစ်ပြီး

ဘာသာရပ် နှစ်မျိုး တက်ရောက်ပါက တစ်နေ့လျှင် –  SW + HW = ၆ နာရီ တက်ရောက်ရမှာဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ


• အသက်အရွယ်ကန့်သတ်ချက်
• ကျား/မ ကန့်သတ်ချက် မရှိပါ။
• ပညာအရည်အချင်း – အလယ်တန်းအဆင့်အောင်မြင်ပြီးသူ
• ကွန်ပျူတာအခြေခံမ၇ှိသူများလည်း တတ်ရောက်နိုင်ပါသည်။

သင်တန်းကြေးပေးသွင်းမှုပုံစံ


သင်တန်းသားများ အဆင်ပြေစေရန် သင်တန်းကြေးကို နှစ်ရစ် ခွဲသွင်းခွင့် ပြုထားပါသည်။
ကြိုတင်စာရင်းပေးရာတွင် – စရံငွေ ( ၅ သောင်း)
သင်တန်းစဖွင့်ရက် > ပထမအရစ် – (သင်တန်းကြေး၏ ၅၀ %)
သင်တန်းဖွင့်ပြီး ၂ ပတ်အကြာ > ဒုတိယအရစ် – ကျန်ငွေအားလုံး
နယ်မှလာသော သင်တန်းသားများအတွက် နေစရာ (အခမဲ့) စီစဉ်ပေးထားပါသည်။

သင်ကြားမှု လွယ်ကူအဆင်ပြေစေရန် အတွက်

• သင်ခန်းစာများကို ကြိုတင်လေ့လာဖတ်ရှုနိုင်ရန် ပြည့်စုံစွာ ရေးသားထားသော Course စာအုပ်/Video Tutorial များ ထုတ်ပေးထားခြင်း။
• လက်တွေ့လုပ်ငန်းခွင် လည်ပတ်လုပ်ကိုင်နေသော အတွေ့အကြုံရှိသင်တန်းဆရာများ မှ စာတွေ့လက်တွေ့ သင်ကြားပေးခြင်း။
• လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အဆင်ပြေစေရန် လက်တွေ့ လုပ်ငန်းခွင်ပုံစံဖြင့် သင်ကြားပေးခြင်း။
• သင်ကြားမှုပုံစံကို အချိန်တိုအတွင်း တတ်မြောက်အောင် စီစဉ်ထားရှိပေးခြင်း။
• သင်တန်းတစ်တန်းလျှင် ကျောင်းသား (၁၀) ဦးထိသာ လက်ခံသင်ကြားပေးပါသည်။

သင်တန်းပြီးဆုံးပါက

မိုဘိုင်းဖုန်းဆားဗစ်ပညာရှင်အဖြစ် ရပ်တည်လိုသူများအတွက် >>> မန္တလေးမြို့ပေါ်မှ နာမည်ကြီး ဖုန်းအရောင်းဆိုင်များဖြင့်  ချိတ်ဆက်ပေးထားခြင်း။
ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်လိုသူများအတွက် >>> လိုအပ်သော ပစ္စည်းများ လွယ်ကူစွာ ဝယ်ယူနိုင်ရန် လမ်းညွှန်စီစဉ်ပေးခြင်း။
• သင်တန်းဆင်းလက်မှတ်ထုတ်ပေးခြင်း။
• ထူးချွန်ထက်မြက်သော သင်တန်းသားများအတွက် Recommendation Letter (ထောက်ခံစာ) ရေးပေးခြင်း။
• Service လုပ်ရာတွင် လိုအပ်သော Firmware, Toolkit , နာမည်ကြီး Software Box များ၏ Setup File နှင့် အသုံးပြု Data များ (4)T.B အထိ ပေးခြင်းကြောင့် သင်တန်းပြီးဆုံးပါက ဆိုင်တန်းဖွင့်နိုင်ခြင်း။
• အသစ်ထွက် Data များကိုလဲ MPPG သင်တန်းတွင် အချိန်မရွေး လာရောက် ရယူနိုင်ခြင်း။
• နည်းပညာအသစ်များအတွက် MPPG Facebook Group နှင့် MPPG Website တွင် ဆက်လက်လေ့လာနိုင်ခြင်း။
• MPPG Training Center မှ ဆရာများ ကိုယ်တိုင် ပြုလုပ်ဖန်တီးထားသော အထူးအသုံးဝင်သည့် Android Phone Toolkit များရယူနိုင်ခြင်း။
• Hardware Reference PDF ဖိုင်များ နှင့် နာမည်ကြီး EMMC Data File များရယူနိုင်ခြင်း။

MPPG (Mobile Phone Professional Group)
အမှတ် (၁၄) ၊ ၈၆ လမ်းနှင့် ၃၄ လမ်းထောင့်၊ မန္တလေးမြို့။
02-64572
09-972575768
09-444004039

About yoeyoelay

General Manager & CEO @ MPPG Myanmar

***************************************
နေဝင်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့ နေ့သစ်ကိုရမယ်။
ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ
တစ်ချိန်မှာ အောင်မြင်လွတ်မြောက်နိုင်မယ်လေ။
***************************************

Check Also

New Download Links for All Huawei supported Regions

EMUI < English > http://emui.huawei.com/en/plugin/hwdownload/download EMUI  < China > http://emui.huawei.com/cn/plugin/hwdownload/download Myanmar http://consumer.huawei.com/mm/support/mobile-phones/index.htm English http://consumer.huawei.com/en/support/mobile-phones/index.htm China …

Leave a Reply