Home / Hardware Tutorial / Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၄)

Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၄)

 

ဘက်ထရီမတတ်ခင် အားသွင်းခေါင်းထိုးလိုက်တာနဲ့ ဘက်ထရီအပေါင်းငုတ်မှာ 4.2V ရောက်လာတာကို အပိုင်း (၃) မှာ ပြောခဲ့ပါတယ်။
တကယ်လို့ ဘက်ထရီတတ်ထားခဲ့ရင်တော့ ဘက်ထရီဗို့ (VBATT) ဟာ Q902 ကို ဖြတ်ပြီး R909 ရဲ့ ထိပ်တစကို ရောက်ရှိလာပါတယ်။ အဲဒီလမ်းကြောင်းကို VBAT အဖြစ် PMU ဆီသို့ ဆက်လက်ပို့ပေးထားပါတယ်။ R909 ရဲ့ တခြားဘက်အစမှာတော့ အားသွင်းလမ်းကြောင်းက ထွက်လာတဲ့ 4.2V ရှိနေပါတယ်။ အဲဒီ မတူညီတဲ့ ဗို့အားအခြေအနေနှစ်ရပ်ကို Differential Line အဖြစ် PMU သို့ ပို့ပေးထားပါတယ်။ R909 (R200 = 0.2R) ရဲ့ အစွန်းနှစ်ဘက်မှာ ရှိနေတဲ့ ဗို့အားနှစ်ခုကို PMU မှ နှိုင်းယှဉ်စောင့်ကြည့်ပြီး VDRI လမ်းကြောင်းမှတဆင့် အားသွင်းပတ်လမ်းကို ထိန်းချုပ်ခိုင်းစေပေးတာပါ။

ဘက်ထရီရဲ့ အခြေအနေသုံးရပ်အပေါ်မူတည်ပြီး အားသွင်းလျှပ်စီးကြောင်းကို ပြောင်းလဲပေးဖို့ PMU မှ ထိန်းချုပ်ခိုင်းစေပေးပါတယ်။

Trickle Charging (TC)
တကယ်လို့ Over-Discharge လို့ခေါ်တဲ့ Battery အားအရမ်းနည်းသွားခဲ့ရင် (ဥပမာ Battery Voltage က 2.2V အောက်လျော့နည်းသွားခဲ့ရင် Dead Battery လို့ ခေါ်ပါတယ်) System က 2mA ပမာဏရှိတဲ့ အလွန်နည်းပါးတဲ့လျှစ်စီးကြောင်းလေးနဲ့ Battery ကို စတင်နှိုးလိုက်ပါတယ်။ အဲဒါကို အားသွင်းခြင်းလို့ မခေါ်သေးပဲ ဘက်ထရီအသေ (Dead Battery) ကို ပြန်နှိုးတာလို့ ခေါ်ပါတယ်။
(အားကုန်နေတဲ့ဘက်ထရီတလုံးကို အားသွင်းတဲ့အခါ လျှပ်စီးကြောင်းအများကြီးနဲ့ အားသွင်းခြင်း မပြုရပါဘူး ၊ ဘက်ထရီပျက်တတ်ပါတယ်။ အဲ့ဒါကို Do not shock the battery လို့ သတိပေးကြပါတယ်။ ဘက်ထရီလန့်အောင် မလုပ်ပါနဲ့လို့ ဘာသာပြန်ရမလားပဲ)
အဲဒီအချိန် ဖုန်းမှာ အားသွင်းမီးအနီလေးပဲ လင်းနေမှာဖြစ်ပါတယ်။ အဲဒီအတိုင်း နာရီအနည်းငယ်အထိ နှိုးထားပေးဖို့ လိုပါတယ်။ လျှပ်စီးပမာဏ 2mA (0.002A) နဲ့ ဖြည်းဖြည်းချင်း နှိုးလာရင်း Battery Level က 2.2 V ရဲ့ အထက်ကို ပြန်လည်ရောက်ရှိလာခဲ့ရင်တော့ System က လျှပ်စစ်စီးဆင်းမှုနှုန်းထား (current) ကို 70 mA (0.07A) အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ အဲ့ဒီ အခြေအနေကိုတော့ USB Mode လို့ခေါ်ပါတယ် ။ ဒီလိုနဲ့ Battery Level ကို 3.3 V ရောက်တဲ့အထိ တဖြည်းဖြည်းချင်း နှိုးပေးတာကို Trickle Charging State လို့ခေါ်ဆိုပါတယ်။

Constant Current Charging (CCC)
Battery Voltage တစ်ဖြည်းဖြည်းမြင့်တက်လာရင်းနဲ့ 3.3 V ရောက်ရှိသွားချိန်မှာတော့ Charging Current ကို 200 mA တိုးပေးလိုက်ပြီး အဲဒီလျှပ်စီးကြောင်းမှာပဲ တသမတ်ထဲ ရှိနေစေမယ့် CC Mode လို့ သတ်မှတ်ပါတယ်။ Battery Level 4.1 V ရောက်တဲ့အချိန်ထိ ဒီ State မှာရှိနေပါမယ်။

Constant Voltage Charging (CVC)
အားသွင်းနေရင်း battery volt ဟာ 4.1V ကို ကျော်လွန်လာရင်တော့ တည်ငြိမ်ဗို့အားဖြင့်အားသွင်းခြင်း (Constant Voltage Charging) ကို စတင်ပါတယ်။ 4.2V ရောက်အောင် အားအပြည့်သွင်းပြီးရင်တော့ အားသွင်းခြင်းလုပ်ငန်းစဉ် ရပ်ဆိုင်းလိုက်ပါတယ်။

ဖုန်းထဲမှာ ဘက်ထရီ တတ်ထားမထား ဖုန်းကသိအောင် အာရုံခံတဲ့အကြောင်းလေး ထပ်ပြောပေးပါဦးမယ်။

78

Credit TO :Mobile Hardware Training

About Soe Myat Thu

Check Also

G630-U00 and H30-C00 Touch Error Solution

ဒီ model တွေမှာတော့ Touch error ဖြစ်ခဲပါတယ်။ရေဝင်လို့သာ R2502 R2503 လေးတွေ ဆားပေါက်ပီး touch မရတော့တာ များပါတယ်။ ဘာကြောင့် ဖြစ်ခဲသလဲဆိုတော့ …

Leave a Reply