Home / Hardware Tutorial / G630-U00 and H30-C00 Touch Error Solution

G630-U00 and H30-C00 Touch Error Solution

ဒီ model တွေမှာတော့ Touch error ဖြစ်ခဲပါတယ်။ရေဝင်လို့သာ R2502 R2503 လေးတွေ ဆားပေါက်ပီး touch မရတော့တာ များပါတယ်။

ဘာကြောင့် ဖြစ်ခဲသလဲဆိုတော့ 2.8V လမ်းကြောင်းက လွဲပီး 1.8V ကလည်း PMU က touch အတွက် သီးသန့် ပေးသွင်းထားပါတယ်။
Data way လေးလိုင်းလုံးလည်း (အဓိက SCL SDA)သူ့အတွက် CPU က သီးသန့် ပေးထားပါတယ်။
ဒါ့ကြောင့်မို့ အရင် model တွေမှာလို SCL SDA တွဲသုံးမထားလို့ ညိစရာအကြောင်းမရှိတော့တာကြောင့် ဟိုရှောက်ဖြုတ် ဒီရှောက်ဖြုတ် (eg. Rotate Sensor Flashlight …)ဖြုတ်ကြည့်စရာ မလိုတော့ပါဘူး။

ကဲ စကြရအောင်ဗျာ

Pin 1 က Analog Volt (Volt သီးသန့် Data မပါ)1.8V ရောက်နေရင် လှည့်ကြည့်စရာ မလိုတော့ပါဘူး။မရောက်ဘူးဆိုရင်တော့ short ကျ မကျ
ရှာပီး ရှင်းပေါ့။Short မရှိပဲနဲ့ Volt မရောက်ရင်တော့ PMUကြောင့် ဖြစ်ပါတယ်(ဖြစ်ခဲပါတယ်)။PMU တော့ လဲမနေပါနဲ့။အဲ့နားက တွေ့တဲ့ 1.8V ကောက်ထည့်လိုက်ပေါ့။Analog volt တော့ဖြစ်ရမယ်နော်။

Pin 2 လည်း pin 1 အတိုင်းပါပဲ။R2508 တော့ ကောင်းမကောင်း ထပ်စစ်ပေါ့။

Pin 3 နဲ့ 6 ကလည်း R2509နဲ့ Ground ချထားတဲ့ အတွက် အဲ့ R လေး မကောင်းရင်လည်း ground မပါလို့ မရနိုင်ဘူးနော်။

Pin 4 နဲ့ 5 ကလည်း CPU ကတိုက်ရိုက်လာတာဖြစ်တဲ့ အတွက် D လေးတွေ C လေးတွေ စစ်ကြည့်လို့ ကောင်းနေရက်နဲ့ Volt မထွက်ရင် CPU လဲရပါလိမ့်မယ်။

Pin 7 နဲ့ 8 ကတော့ R2502 R2503 လေးတွေက ရေဝင်ရင် အပျက်များတဲ့ အတွက် အဲ့ဒီနေရာမှာ ဆားအရမ်းပေါက်ပီး ပြုပြင်လို့ မရရင်တော့ CPU အပေါ်နားက R901 နဲ့ R902 ကနေ တိုက်ရိုက် ကျော်ပေးရုံပါပဲ။

ဒါပါပဲဗျာ။
ဒီ model တွေမှာ Volt ထွက် မထွက် တိုင်းကြည့်ရုံနဲ့ error သိနိုင်တဲ့ အတွက် Data အကြောင်း သိပ်မပြောတော့တာပါ။
Volt တွေ အစုံထွက်ရဲ့သားနဲ့ touch မရရင်လည်း Data ကြောင့်ဖြစ်တဲ့ အတွက် CPU လဲရဖို့သာ များပါတယ်။သိပ် ကျော်လို့ ခွလို့ မရနိုင်ပါဘူး။

G630-U00 Touch 1 G630-U00 Touch 2 G630-U00 Touch 3 G630-U00 Touch 4

 

CREDIT TO:Aung Mobile SHWEBO

About Phyo Nyi Nyi

Check Also

Mobile Phone Backlight Part 3

တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံ သိလောက်ပြီဆိုရင် ပြစ်ချက်ရှာနည်း နဲ့ ပြုပြင်နည်း ဆက်ကြမယ်ဗျာ … ဖုန်းကို ပါဝါနှိုးလိုက်ရင် ပါဝါနိုးတဲ့ အသံပဲကြားပြီး အရုပ်မမြင်ရဘူးဆိုပါစို့။ ရေဝင်ထားရင် လွတ်ကျထားရင် …

Leave a Reply