Home / Hardware Tutorial / Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၂)

Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၂)

 

FET ရဲ့ Drain ငုတ်က ထွက်လာတဲ့ VBUS 5V ကို လမ်းကြောင်း (၃) ကြောင်း ခွဲထုတ်ပေးလိုက်ပါတယ်။

(၁) R906 နဲ့ R907 နှစ်လုံးကို Voltage Divider အဖြစ် အသုံးပြုပြီး 0.55V ခန့်ရရှိအောင် ဖန်တီးထားပါတယ်။ အဲ့ဒီ 0.55V ကို အားသွင်းအချက်ပြ VCDT (Charging Volt Detect) အဖြစ်ဖန်တီးပြီး PMU ကို ပေးသွင်းထားပါတယ်။ R906 ရဲ့ တဖက်ထိပ်မှာ 5V ရှိနေမှာဖြစ်ပြီး အခြားတဖက်မှာတော့ 0.55V ရှိနေပါမယ်။ R907 ရဲ့ တဖက်ထိပ်မှာ 0.55V ရှိနေပြီး တခြားတဖက်မှာတော့ အနုတ်ဗို့ ရှိနေပါမယ်။

VCDT လမ်းကြောင်းက ပေးသွင်းလာတဲ့ (0.55V) ရောက်လာရင် PMU မှ အားသွင်းဗို့ရောက်ကြောင်းသိသွားပြီး အားသွင်းပုံအချက်ပြမိုးကြိုးသွား (Charging Sign) ပြပေးဖို့ CPU ကို ဆက်ပြီး သတင်းပို့ပေးပါတယ်။

(အားသွင်းပုံအချက်ပြမပေါ်ရင် R906 နဲ့ R907 ကို စစ်ဆေးပေးရပါမယ်။ ၄င်း R နှစ်လုံးမှာ 0.55V ရှိနေပြီး အားသွင်းပုံမပြရင်တော့ PMU ကို စစ်ဆေးပေးရပါမယ်။)

VCDT ရောက်လာတာနဲ့တပြိုင်ထဲမှာပဲ PMU မှ CHG_LDO (Charging Low Drop Output) 2.8V ကို တည်ငြိမ်ဗို့အဖြစ် Q901 FET အတွက် Gate ဖွင့်ပေးပါတယ်။ အကြောင်းတစုံတရာကြောင့် အားသွင်းလမ်းကြောင်းမှာ အမှားဖြစ်ခဲ့ရင် NMOS Transistor ဖြစ်တဲ့ Q901 မပျက်စီးစေဖို့အတွက် FET ရဲ့ Gate ငုတ်ကို 2.8V မှာ တသမတ်ထဲ ရှိနေစေအောင် PMU မှ ဖန်တီးထားပါတယ်။

(Q901 ရဲ့ Gate ငုတ်မှာ 2.8V မရှိခဲ့ရင် PMU ကို စစ်ဆေးရမှာဖြစ်ပါတယ်)

(၂) R908 ကို ဗို့လျော့ (voltage dropper) အဖြစ်အသုံးပြုပြီး Q901 ရဲ့ Gate ကို ပေးသွင်းထားပါတယ်။ PMU မှ ပြန်လည်ထိန်းချုပ်ထားတဲ့ CHG_LDO လမ်းကြောင်းကြောင့် Gate မှာ 2.8V တသမတ်ထဲ ရှိနေပါတယ်။

(၃) အားသွင်းပေးမယ့် Q302 ရဲ့ Emittor ဖြစ်တဲ့ ပင်နံပါတ် (၄) ကို ပေးသွင်းထားပါတယ်။

(အနီရောင်လိုင်းတွေမှာ တိုင်းကြည့်ရင် 5V ရှိနေရမှာပါ)

အပိုင်း (၁) နဲ့ တွဲဆက်ပြီး လေ့လာကြည့်ပါခင်ဗျာ …..

3 4

 

 

Credit TO :Mobile Hardware Training

About Soe Myat Thu

Check Also

G630-U00 and H30-C00 Touch Error Solution

ဒီ model တွေမှာတော့ Touch error ဖြစ်ခဲပါတယ်။ရေဝင်လို့သာ R2502 R2503 လေးတွေ ဆားပေါက်ပီး touch မရတော့တာ များပါတယ်။ ဘာကြောင့် ဖြစ်ခဲသလဲဆိုတော့ …

Leave a Reply