Home / Hardware Tutorial / Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၅)

Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၅)

 

ဖုန်းတွေကို အားသွင်းတဲ့အခါ ဘက်ထရီမရှိဘူးလို့ ငြင်းတတ်တဲ့အကြောင်းလေးပါခင်ဗျ။ …
ဖုန်းတွေကို အားသွင်းတဲ့အခါ ဘက်ထရီတတ်ထားမထား ဖုန်းက သိဖို့ လိုပါတယ်။
တကယ်လို့ ဘက်ထရီမရှိရင် (သို့) ဘက်ထရီရှိတယ်လို့ မသိခဲ့ရင် အားသွင်းမပေးတော့ပါဘူး။

ဘက်ထရီမှာ အများအားဖြင့် (၃) ငုတ်နဲ့ (၄) ငုတ် ပါတတ်ပါတယ်။ အသုံးများတဲ့ (၄) ငုတ်ဘက်ထရီနဲ့ပဲ ပြောပါ့မယ်။
အစွန်ဆုံးမှာ အပေါင်းငုတ်နဲ့ အနုတ်ငုတ်တို့ ရှိကြပါတယ်။ အဲ့ဒီ နှစ်ငုတ်နဲ့ ဆက်စပ်ကြည့်လိုက်ရင်
1.VBATT (Battery Volt)
2.BT or BAT ON (Battery Temperature)
3.BSI or BID (Battery Identification)
4.GND (Ground) တို့ ဖြစ်ကြပါတယ်။

အနုတ်ငုတ် (GND) နဲ့ ကပ်ရက်မှာရှိတဲ့ငုတ်က BID ငုတ်ပါ။
ဘက်ထရီရှိကြောင်း ဖုန်းသိအောင် သတင်းပို့ပေးတဲ့ငုတ်ဖြစ်ပါတယ်။ ပုံမှန်ကောင်းနေတဲ့ ဖုန်းတလုံးကို အင်နာလော့မီတာရဲ့ အုမ်းစကေးမှာ ထားတိုင်းကြည့်ရင် GND နဲ့ BID ကြားမှာ 10KR ခန့် ရှိကြပါတယ်။

ဖုန်းကို အားသွင်းခေါင်းတတ်လိုက်ရင် အားသွင်းဗို့လမ်းကြောင်းတဆင့် ဖုန်းအတွက် ပါဝါနိုးရန်လိုအပ်တဲ့ဗို့ကို စတင်ရရှိပါတယ်။ PMU စတင်အလုပ်လုပ်ရင် 1.8V လမ်းကြောင်းတကြောင်းမှာ R (R910) တလုံးခံပြီး BID ကို စတင်ဗို့ပေးလိုက်ပါတယ်။ BID မှာရောက်နေတဲ့ 1.8V ကို နောက်ထပ် R (R911) တလုံးကတဆင့် CPU ရဲ့ AUXIN_BAT_IC ငုတ်ကို ဆက်လက်ပို့ပေးပါတယ်။

ဘက်ထရီတတ်မထားခဲ့ရင် CPU ရဲ့ AUXIN_BAT_ID လို့ခေါ်တဲ့ Battery Detect ငုတ်မှာ PMU က ပို့ပေးတဲ့ဗို့အတိုင်း အကြမ်းဖျင်း ရှိနေပါတယ်။ တကယ်လို့ ဘက်ထရီတတ်လိုက်ရင်တော့ ဘက်ထရီရဲ့ BID ငုတ်မှာရှိတဲ့ 10KR လေးဟာ အနုတ်လိုင်း (GND) နဲ့ ခွဆက်သလို ဖြစ်သွားပါတယ်။ အဲဒါကြောင့် မူလရှိနေတဲ့ 1.8V ဟာ ဘက်ထရီမှာပါတဲ့ 10KR ကြောင့် တန်ဖိုးပြောင်းသွားတဲ့အတွက် CPU ရဲ့ AUXIN_BAT_ID ငုတ်မှာလည်း တန်ဖိုးပြောင်းသွားပါတယ်။ အဲလိုတန်ဖိုးပြောင်းသွားမှပဲ CPU က ဘက်ထရီရှိကြောင်း သိသွားတာပါ။

စမ်းသပ်ဖို့ နည်းလမ်းတခု ပြောပြပါ့မယ်။
ဖုန်းကို ဘက်ထရီမတတ်ခင် အားသွင်းကြိုးထိုးပြီး BID ငုတ်မှာ ဗို့တိုင်းကြည့်ပါ။ 1.8V ဝန်းကျင်ရှိရင် ပုံမှန်ပါပဲ။ ဗို့တိုင်းထားရင်း ဘက်ထရီတတ်လိုက်ပါ။ 1.8V ကနေ 0.45V ဝန်းကျင် ပြောင်းသွားရင် BID လမ်းကြောင်းနဲ့ ဘက်ထရီကောင်းတယ်လို့ ပြောနိုင်ပါတယ်။

အားသွင်းခေါင်းတတ်လိုက်တဲ့အခါ အားသွင်းပုံပြပြီး အားမဝင်ဘူးဆိုရင် …
ဘက်ထရီကောင်းမကောင်း၊ ဘက်ထရီငုတ်ကောင်းမကောင်း သေချာစစ်ပါ။
အားသွင်းကြိုးထိုးထားပြီး ဘက်ထရီမတတ်ခင် ဘက်ထရီအပေါင်းငုတ်မှာ ဗို့တိုင်းလို့ 4.2V ရှိနေရင် အားသွင်းပိုင်းကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီဗို့ မတွေ့ရရင် R909 နှဲ့Q302 တို့ကို စစ်ဆေးပါ။

BID ငုတ်မှာ ဗို့တိုင်းကြည့်လို့ 1.8V ဝန်းကျင်ရှိရင် PMU ကနေ BID ကို ပို့ပေးတဲ့ ဗို့ပေးလမ်းကြောင်း ကောင်းတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒီဗို့ မတွေ့ရင်တော့ ဘက်ထရီငုတ်အထိုင်၊ R910 နဲ့ PMU ကြောင့်လဲ ဖြစ်တတ်ပါတယ်။

VBATT မှာ 4.2V နဲ့ BID မှာ 1.8V ရှိနေပြီး အားသွင်းမပေးသေးရင် R911 ကို စစ်ပါ။ ပုံစံတူဖုန်းထဲက R တလုံးနဲ့ အစားထိုးလဲကြည့်ပါ။
ကျန်တဲ့ C909 နဲ့ D901 တို့လဲ ရံဖန်ရံခါ ရှော့ဖြစ်တတ်ပေမယ့် ဖြစ်လေ့ဖြစ်ထ နည်းပါတယ်။

တချို့ဖုန်းတွေမှာ အားသွင်းကြိုးထိုးလိုက်လို့ Please plug out your charger ဆိုတဲ့ စာတန်းတက်လာရင် အများအားဖြင့်တော့ BID လမ်းကြောင်းကြောင့် ဖြစ်တာများပါတယ်။
ဒီလောက်ဆိုရင် ဖုန်းက ဘက်ထရီသိအောင် လုပ်ပေးတဲ့လမ်းကြောင်းကို နားလည်လောက်ပြီထင်ပါတယ်။

နောက်တခါရောက်မှ Your battery temperature is too low / too high လို့ပေါ်တဲ့ Error အကြောင်း ထပ်ပြောပေးပါဦးမယ်။ …

910

 

Credit TO :Mobile Hardware Training

About Soe Myat Thu

Check Also

G630-U00 and H30-C00 Touch Error Solution

ဒီ model တွေမှာတော့ Touch error ဖြစ်ခဲပါတယ်။ရေဝင်လို့သာ R2502 R2503 လေးတွေ ဆားပေါက်ပီး touch မရတော့တာ များပါတယ်။ ဘာကြောင့် ဖြစ်ခဲသလဲဆိုတော့ …

Leave a Reply