Home / Beginner / Samsung Galaxy Note 5 SM-N9208 Root လုပ်နည်း Version – 5.1.1

Samsung Galaxy Note 5 SM-N9208 Root လုပ်နည်း Version – 5.1.1

Samsung Galaxy Note 5 (SM-N9208) 5.1.1 Root လုပ်နည်း

 

CF Auto Root ကို အသုံးပြုပြီး Root လုပ်တဲ့နည်းလမ်းကတော့ အလွန်ကို လွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီးတော့ အတော်များများလဲ အသုံးပြုကြပါတယ်။

သတိပြုရန်

ဖုန်းရဲ့ Model No. နဲ့ ဒီ Tutorial နဲ့  ကိုက်ညီမှု ရှိမရှိ သေချာစွာစစ်ဆေးပါ။

ဒီ Root Tutorial က Samsung Galaxy Note 5 (SM-N9208) Verion 5.1.1  အတွက်သာဖြစ်ပါတယ်။

Root လုပ်လိုက်ပြီဆိုတာနဲ့ Warranty ပျက်ပြယ်သွားမှာဖြစ်ပါတယ်။

CF Auto Root နဲ့ Root ပြုလုပ်ခြင်းဟာ လွယ်ကူပေမယ့် Build No. မကိုက်တာနဲ့ ကြုံရင် တခါတလေ Error တွေလဲ တက်နိုင်ပါသေးတယ်။

လုပ်ဆောင်ရန်လိုအပ်ချက်များ

  • Root ပြုလုပ်မယ့်ဖုန်းမှာ USB Debugging On ထားပြီးသားဖြစ်ရပါမယ်။ ( Setting> Development > USB Debugging ကို အမှန်ခြစ်ထားရပါမယ်။ )
  • ကွန်ပျူတာမှာ Samsung Driver သွင်းထားပြီးဖြစ်ရပါမယ်။
    Driver မရှိပါက  Download ရယူပါ။

Samsung USB Driver Download

  • Root ပြုလုပ်ရန် လိုအပ်သော CF-Auto-Root File ကို Download ရယူပါ။

CF-Auto-Root-Download

အပေါ်က အချက်တွေ အားလုံး ပြည့်စုံရင်တော့ Root လုပ်ရန် စတင်လို့ရပါပြီ။

Download လုပ်ပြီးသွားရင် အောက်က ပုံအတိုင်း မြင်ရမှာပါ။ Download လုပ်ထားတဲ့ ဖိုင်ပေါ် Right Click နှိပ်ပြီး (ဖြည်ထုတ် (Extract) လုပ်ပါ။

cf1

ဖြည်ပြီးသွားရင် အောက်ကပုံလိုမျိုး အဝါရောင် Folder လေး ရရှိပါလိမ့်မယ်။ Folder ထဲကို ဝင်ပါ။

cf2

ကွန်ပျူတာမှာ Odin ကို ဖွင့်ပါ။

cf3

ပြီးရင် ဖုန်းကို Vol Down + Home + Power (၃) ခုစလုံး တပြိုင်နက် ဖိထားပြီး Download Mode ( Odin Mode) ကို ၀င်ထားတဲ့ အနေအထားမှာ ထားရှိပါ။

Download Mode

ကွန်ပျူတာနဲ့ ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်ပါ။

Odin ရဲ့ဘယ်ဘက်အပေါ်နားက ID:COM ဆိုတဲ့ အကွက်နေရာလေးမှာ အပြာနုရောင် ပေါ် မပေါ် ကြည့်ပါ။ (အဲဒီနေရာမှာ အရောင်မပြဘူးဆိုရင်တော့ ကွန်ပျူတာမှာ Samsung Phone Driver မရှိသေးလို့ပါ။ Driver/ USB စစ်ဆေးပါ။)

cf4

AP ကို နှိပ်ပြီး Download ရယူထားတဲ့ ကိုယ့်ဖုန်း Model နဲ့ ကိုက်ညီတဲ့ Cf Auto Root ဖိုင်ကို ရွေးချယ်ပါ။

cf5

အထက်ပါ အချက်များနဲ့ ပြုလုပ်ပြီးပါက Start ကို နှိပ်ပါ။

ID:COM ရဲ့အပေါ်က အကွက်ထဲမှာ အစိမ်းတန်းလေး ပြည့်သွားတဲ့ အထိစောင့်ဆိုင်းပါ။

Pass , Reset လို့ ပေါ်လာရင် ဖုန်းက restart ကျသွားပါလိမ့်မယ်။ Odin ကို ပိတ်ပြီး USB ကြိုးကို ဖြုတ်လို့ရပါပြီ။

cfPasscfReset

(၉) အထက်ပါအချက်အားလုံး မှန်ကန်မယ်ဆိုရင် restart ကျပြီး ဖုန်းပြန်တက်လာတဲ့အခါ  Supersu လေး ပေါ်နေပါလိမ့်မယ်။

သတိပြုရန်မှာ Odin သုံးပြီး Firmware တင်နေစဉ် ကာလအတွင်း USB ကြိုး ဆွဲဖြုတ်ခြင်း။ Odin ကို ပိတ်ခြင်းများ မပြုလုပ်ရပါ။

Root ရှိမရှိ စစ်ဆေးလိုလျှင်တော့ Root Checker ဆော့ဝဲကို Download လုပ်ပြီး စစ်ဆေးကြည့်ပါ။

Root Checker Pro APK Download

 

About yoeyoelay

General Manager & CEO @ MPPG Myanmar

***************************************
နေဝင်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့ နေ့သစ်ကိုရမယ်။
ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ
တစ်ချိန်မှာ အောင်မြင်လွတ်မြောက်နိုင်မယ်လေ။
***************************************

Check Also

Samsung Galaxy S7 Root (SM-G930F) Ver 6.0.1

Samsung Galaxy S7 Root (SM-G930F) Version 6.0.1 Root လုပ်နည်း CF Auto Root ကို အသုံးပြုပြီး Root …

Leave a Reply