Home / Uncategorised / MRT Dongle Review ရေးသားမှု ပြိုင်ပွဲ

MRT Dongle Review ရေးသားမှု ပြိုင်ပွဲ

မိုလ်ဘိုင်းဖုန်း ပြုပြင်ရေးနယ်ပယ်တွင် ဖုန်းပြုပြင်ရာတွင် အသုံးပြုသည့် Box များ၊ Dongle များ များစွာ ပေါ်ထွက်လျှက်ရှိပါသည်။ ထို Box များ၊
Dongle များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ နည်းပါးခြင်း ၊ ပြည့်စုံစွာရေးသားထားသော Tutorial ပိုစ့်များ နည်းပါးခြင်းတို့ကြောင့် ကျွန်တော်တို့ MPPG မှ တစ်ဖက်တစ်လမ်းမှ ပါဝင် ဖြည့်စွက်လိုပါသဖြင့်
ယခု ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။

***********************************
ပြိုင်ပွဲတွင် ရွေးချယ်ခံရသူသည် –

MRT Dongle တစ်ခု လက်ဆောင် ရရှိမည်ဖြစ်ပါသည်။
***********************************
* မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည်။
* ကျား / မ အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ။
* Tutorial များ ၊ Review ပိုစ့်များ ရေးသားရန် ဝါသနာပါသူဖြစ်ပါက
ပိုမိုကောင်းမွန်ပါသည်။
*လျှောက်လွှာတင်ရန်မလိုအပ်ပါ။ Review ပိုစ့်သာ ပို့ပေးရန်လိုအပ်ပါသည်။
*ကိုယ်တိုင်ရေးသားသော Review ဖြစ်ကြောင်း ဝန်ခံကတိပြုရပါမည်။
* ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။

***ပါဝင်ယှဉ်ပြိုင်ရမည့်အကြောင်းအရာ***

MRT Dongle နှင့် ပတ်သတ်၍

– MRT Dongle ဆိုတာ ဘာလဲ။
– MRT Dongle ကို ဘယ်လိုသုံးလို့ရသလဲ။
– မြန်မာနိုင်ငံအတွင်း ဘယ်နေရာတွေမှာ ဝယ်ယူလို့ရမလဲ။
– ဈေးနှုန်း ဘယ်လောက်ပေးရသလဲ။

အစရှိတဲ့ MRT Dongle နဲ့ပတ်သတ်တဲ့ အချက်အလက်များ ပြည့်စုံစွာရေးသားပေးရပါမယ်။

– Microsoft Word Format (.doc, .docx) ဖြင့် ရေးသားပေးပို့ရမည်။
– MPPG Facebook Page ၏ Message Box သို့ ရေးသားပေးပို့ရပါမည်။

ပြိုင်ပွဲဝင်သူများ၏ ရေးသားထားသော ပိုစ့်များကို MPPG Facebook Page တွင် တင်ပေးမည်ဖြစ်ပြီး လူကြိုက်အများဆုံးပိုစ့် (Post Like အများဆုံး ရရှိသူ) ကို
ရွေးချယ်မည်ဖြစ်သည်။

*** အနိုင်ရရှိသူ ရွေးချယ်မှု နှင့်ပတ်သက်၍ အငြင်းပွားမှု
တစ်စုံတစ်ရာဖြစ်ပေါ်ပါက MPPG ၏ ဆုံးဖြတ်ချက် အတိုင်းသာ
အတည်ဖြစ်ပါသည်။

ရွေးချယ်ခံရပြီးနောက်တွင်

1. MRT Dongle Setup လုပ်ပုံလုပ်နည်း Video Tutorial
2. MRT Dongle အသုံးပြု နည်း Video Tutorial
3. MRT Dongle မှလုပ်ဆောင်နိုင်သည့် Function များအကြောင်း Tutorial များ ၊ Video များပြုလုပ်ပြီး MPPG သို့ ရေးသားပေးပို့ ရပါမည်။

ပြိုင်ပွဲဝင်ရန် Review ပိုစ့် ပေးပို့သည်နှင့်တပြိုင်နက် အထက်ပါ အချက်(၃)ချက်ကိုလုပ်ဆောင်ပေးရန် ကတိပြုသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။

အခြား Box များ ၊ Dongle များနှင့် ပတ်သတ်၍ လစဉ် ပြိုင်ပွဲများ
ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Mobile Tutorial ရေးသားရန် ဝါသနာပါသူများ ၊ Review ရေးသားမှုကို ဝါသနာပါသူများကို ကျွန်တော်တို့ MPPG နှင့် လက်တွဲလုပ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။

aaa

About Phyo Nyi Nyi

Check Also

New Download Links for All Huawei supported Regions

EMUI < English > http://emui.huawei.com/en/plugin/hwdownload/download EMUI  < China > http://emui.huawei.com/cn/plugin/hwdownload/download Myanmar http://consumer.huawei.com/mm/support/mobile-phones/index.htm English http://consumer.huawei.com/en/support/mobile-phones/index.htm China …

Leave a Reply