Home / Professional Software Technician Course

Professional Software Technician Course

Professional Software Technician Course

Mobile Phone ပြုပြင်ရေး နယ်ပယ်တွင် Service Technician တစ်ယောက်အဖြစ် ရပ်တည်လိုသူများ (သို့) ကိုယ်ပိုင်ဖုန်းဆိုင် ဖွင့်လှစ်လူသူများ အတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားသော သင်တန်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက Mobile Phone Software Service Technician တစ်ယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
သင်တန်းကာလ – ၁ လ ခွဲ
သင်တန်းကြေး – 200000 (နှစ်သိန်းကျပ်)

Professional Hardware Course ကိုပါ တွဲပြီးတက်ရောက်လိုပါက ==> Professional Hardware Technician Course

Professional Software Technician Course တွင် သင်ကြားရမည့် သင်ခန်းစာများ

• Computer အခြေခံ အသုံးပြုနည်း
• Internet အသုံးပြုနည်း
• ဖုန်းဆားဗစ်သမားတိုင်းပြုလုပ်ထားရမည့် Account များ ပြုလုပ်နည်း (Gmail, Huawei ID, Apple ID, Sammobile, Fourm Accounts, etc.)
• Android OS မိတ်ဆက်
• Android Setting များအကြောင်း
• မည်သည့် Android Phone , Software Box မဆို Driver ထည့်သွင်းနည်းများ
• ဖုန်းအတွင်းမှ အရေးကြီး Data , Music, Video, Game များကို ကွန်ပျူတာအတွင်းသို့ သိမ်းဆည်းနည်း/ ကွန်ပျူတာမှ ဖုန်းအတွင်းသို့ ထည့်သွင်းနည်းများ
• Android Phone Firmware များ တည်ဆောက်ပုံ နှင့် ဖြည်ထုတ်နည်းများ
• Android Phone Firmware များ ရှာဖွေနည်း၊ ရယူနည်းများ
• အသုံးများသော ဖုန်းအမျိုးအစားများဖြစ်သည့် Huawei , Samsung , Sony, Coolpad , Vivo, Oppo, Mi , MTK , Qualcomm, China Clone Phones အမျိုးမျိုး Firmware တင်နည်းများ
• Bootloader Unlock , Relock ပြုလုပ်နည်းများ
• Custom Recovery နှင့် Custom Rom ထည့်သွင်းနည်းများ
• Android Phone အမျိုးအစားအားလုံးအတွက် Root လုပ်နည်း / မြန်မာစာဖောင့်ထည့်သွင်းနည်းများ
• Pattern, PIN, Password, FRP lock ဖြုတ်နည်းများ (With & Without Software Box )
• MTK ဖုန်းများ Firmware Backup ပြုလုပ်နည်း
• IMEI Backup & Restore
• Miracle Box (Basic Use)
• ဖုန်းများတွင် အဖြစ်များသော ပြဿနာဖြေရှင်းနည်းများ

အထက်ပါ အချက်များကို တတ်မြောက်ပြီးပါက အဆင့်မြင့် ဖုန်းပြုပြင်နည်းပညာကို ဆက်လက်လေ့လာနိုင်ရန် Advance Software  Technician Course ကို တက်ရောက်နိုင်ပါသည်။

သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ

• အသက်အရွယ်ကန့်သတ်ချက်
• ကျား/မ ကန့်သတ်ချက် မရှိပါ။
• ပညာအရည်အချင်း – အလယ်တန်းအဆင့်အောင်မြင်ပြီးသူ
• ကွန်ပျူတာအခြေခံမ၇ှိသူများလည်း တတ်ရောက်နိုင်ပါသည်။

သင်တန်းကြေးပေးသွင်းမှုပုံစံ

သင်တန်းသားများ အဆင်ပြေစေရန် သင်တန်းကြေးကို နှစ်ရစ် ခွဲသွင်းခွင့် ပြုထားပါသည်။
ကြိုတင်စာရင်းပေးရာတွင် – စရံငွေ ( ၅ သောင်း)
သင်တန်းစဖွင့်ရက် > ပထမအရစ် – (သင်တန်းကြေး၏ ၅၀ %)
သင်တန်းဖွင့်ပြီး ၂ ပတ်အကြာ > ဒုတိယအရစ် – ကျန်ငွေအားလုံး
နယ်မှလာသော သင်တန်းသားများအတွက် နေစရာ (အခမဲ့) စီစဉ်ပေးထားပါသည်။

သင်ကြားမှု လွယ်ကူအဆင်ပြေစေရန် အတွက်

• သင်ခန်းစာများကို ကြိုတင်လေ့လာဖတ်ရှုနိုင်ရန် ပြည့်စုံစွာ ရေးသားထားသော Course စာအုပ်/Video Tutorial များ ထုတ်ပေးထားခြင်း။
• လက်တွေ့လုပ်ငန်းခွင် လည်ပတ်လုပ်ကိုင်နေသော အတွေ့အကြုံရှိသင်တန်းဆရာများ မှ စာတွေ့လက်တွေ့ သင်ကြားပေးခြင်း။
• လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အဆင်ပြေစေရန် လက်တွေ့ လုပ်ငန်းခွင်ပုံစံဖြင့် သင်ကြားပေးခြင်း။
• သင်ကြားမှုပုံစံကို အချိန်တိုအတွင်း တတ်မြောက်အောင် စီစဉ်ထားရှိပေးခြင်း။
• သင်တန်းတစ်တန်းလျှင် ကျောင်းသား (၁၀) ဦးထိသာ လက်ခံသင်ကြားပေးပါသည်။

သင်တန်းပြီးဆုံးပါက

မိုဘိုင်းဖုန်းဆားဗစ်ပညာရှင်အဖြစ် ရပ်တည်လိုသူများအတွက် >>> မန္တလေးမြို့ပေါ်မှ နာမည်ကြီး ဖုန်းအရောင်းဆိုင်များဖြင့်  ချိတ်ဆက်ပေးထားခြင်း။
ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်လိုသူများအတွက် >>> လိုအပ်သော ပစ္စည်းများ လွယ်ကူစွာ ဝယ်ယူနိုင်ရန် လမ်းညွှန်စီစဉ်ပေးခြင်း။
• သင်တန်းဆင်းလက်မှတ်ထုတ်ပေးခြင်း။
• ထူးချွန်ထက်မြက်သော သင်တန်းသားများအတွက် Recommendation Letter (ထောက်ခံစာ) ရေးပေးခြင်း။
• Service လုပ်ရာတွင် လိုအပ်သော Firmware, Toolkit , နာမည်ကြီး Software Box များ၏ Setup File နှင့် အသုံးပြု Data များ (4)T.B အထိ ပေးခြင်းကြောင့် သင်တန်းပြီးဆုံးပါက ဆိုင်တန်းဖွင့်နိုင်ခြင်း။
• အသစ်ထွက် Data များကိုလဲ MPPG သင်တန်းတွင် အချိန်မရွေး လာရောက် ရယူနိုင်ခြင်း။
• နည်းပညာအသစ်များအတွက် MPPG Facebook Group နှင့် MPPG Website တွင် ဆက်လက်လေ့လာနိုင်ခြင်း။
• MPPG Training Center မှ ဆရာများ ကိုယ်တိုင် ပြုလုပ်ဖန်တီးထားသော အထူးအသုံးဝင်သည့် Android Phone Toolkit များရယူနိုင်ခြင်း။
• Hardware Reference PDF ဖိုင်များ နှင့် နာမည်ကြီး EMMC Data File များရယူနိုင်ခြင်း။

စိတ်ပါဝင်စားမှုနှင့် တတ်မြောက်လိုစိတ်သာ စာသင်ခန်းအတွင်းသို့ ယူဆောင်လာခဲ့ပါ။ သင်ကြားတတ်မြောက်မှုနှင့် အသက်မွေးမှုအလုပ်အကိုင်တစ်ခုဖြစ်စေဖို့ ကျွန်တော်တို့မှ တာဝန်ယူပါတယ်။

MPPG (Mobile Phone Professional Group)
အမှတ် (၁၄) ၊ ၈၆ လမ်းနှင့် ၃၄ လမ်းထောင့်၊ မန္တလေးမြို့။
02-64572
09-960010140